လ - နိုဝင်ဘာ 2022

ဆိုကရေးတစ်ကလပ်

၁၉၄၁ ခုနှစ်တွင် အင်္ဂလန်ရှိ အောက်စဖို့ဒ်တက္ကသိုလ်တွင် ‘Socratic Club’ (ဆိုကရေးတစ်ကလပ်)ကို တည်ထောင်ခဲ့ပြီး၊ သခင်ယေရှုကိုယုံကြည်သူများနှင့် ဘုရားမဲ့ဝါဒီများ (သို့) ဘာသာမဲ့များ၏ အပြန်အလှန်ဆွေးနွေးမှုကို အားပေးရန်ဖြစ်သည်။

လောကီပညာဆည်းပူးရာ တက္ကသိုလ်တွင် ဘာသာရေးဆွေးနွေးငြင်းခုံမှုသည် အထူးအဆန်း မဟုတ်သော်လည်း ဆိုကရေးတစ်ကလပ်ကို (၁၅) နှစ်ကြာ ဦးဆောင်ခဲ့သူမှာ ခရစ်ယာန်ဘာသာ‌‌ အတွေးအခေါ် ဆရာကြီး C. S. Lewis (စီအက်စ်လူးဝစ်) ဖြစ်နေခြင်းက အံ့သြစရာဖြစ်သည်။ ဆရာကြီးသည် သူ၏တွေးခေါ်မှုကိုစမ်းသပ်ရန် ဆန္ဒရှိပြီး၊ ခရစ်တော်၌ရှိသည့်ယုံကြည်ခြင်းသည် စစ်ဆေးစိစစ်မှုကို ခံရပ်နိုင် သည်ဟု သူယုံကြည်သည်။ သခင်ယေရှုကို ယုံကြည်ခြင်းအတွက် ခိုင်လုံပြီး ကျိုးကြောင်းဆီလျော်သော အထောက်အထားရှိကြောင်း သူသိသည်။

တစ်နည်းအားဖြင့် လူးဝစ်သည် “စိတ်နှလုံးထဲ၌ ထာဝရအရှင်ဘုရားသခင်ကို ရိုသေခြင်း ရှိကြလော့။ သင်တို့မျှော်လင့်ခြင်း၏အကြောင်းကို မေးမြန်းသောသူ ရှိသမျှတို့အား၊ နူးညံ့သောသဘော၊ ကြောက်ရွံ့သောသဘောနှင့် ပြန်ပြောခြင်းငှာ ကာလအစဥ်မပြတ် အသင့်ရှိနေကြလော့”…

ဘုရားသခင် သင့်ကို သိကျွမ်းသည်

အမေသည် တစ်မိုင်အကွာအဝေးမှ ပြဿနာအနံ့ခံနိုင်ပုံရသည်။ တစ်ခါက ကျောင်းတွင် အဆင်မပြေဖြစ်ပြီး ပြန်လာချိန်တွင် မည်သူမျှ သတိမထားမိစေရန် စိတ်ပျက်မှုကို ဖုံးကွယ်ရန် ကျွန်မကြိုးစားခဲ့သည်။ “ဘာဖြစ်တာလဲ” ဟု အမေက မေးသည်။ နောက်ပြီး သူမက “ဘာမှမဟုတ်ပါဘူးလို့မပြောခင် တစ်ခုသိထားဖို့က အမေဟာ သမီးရဲ့အမေနော်။ သမီးကို အမေမွေးခဲ့တယ်။ သမီးကိုယ်သမီးသိတာထက် အမေ ပိုသိတယ်” ဟုပြောပါသည်။ ကျွန်မမည်သို့သောသူဖြစ်သည်ကို ခရေစေ့တွင်းကျ နားလည်သဘောပေါက်ခြင်းသည် သူမကို ကျွန်မအလိုအပ်ဆုံးအချိန်တိုင်းတွင် ကျွန်မ၏နံဘေး၌ သူရှိနေရန် အထောက်အမဖြစ်စေသည်ဟု အမေ ကျွန်မကို အမြဲသတိပေးသည်။

သခင်ယေရှုကို ယုံကြည်သူများအနေဖြင့် ကျွန်မတို့ကို ရင်းနှီးစွာသိကျွမ်းသော ဘုရားသခင်က ကျွန်မတို့အား စောင့်ရှောက်နေပါသည်။ သူ့သားသမီးများ၏ အသက်တာများကို ဘုရားရှင်အလေးပေး အာရုံစိုက်ခြင်းအတွက် ဆာလံဆရာ ဒါဝိဒ်က “အိုထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်ကို စစ်ကြော၍သိတော်မူ၏။ အကျွန်ုပ်ထိုင်ခြင်း၊ ထခြင်းအရာတို့ကို သိတော်မူ၏။ အကျွန်ုပ်အကြံအစည်တို့ကို…

သတိတရဆုတောင်းချက်များ

“ငါမင်းအတွက် သတိတရနဲ့ဆုတောင်းပေးနေမယ်နော်။” ဤစကားပြောသူသည် အမှန်တကယ် ဆုတောင်းပေးနေသလား ဟုသင်တွေးမိမည်။ ထိုစကားကို Edna Davis (အဒ်နာဒါဗစ်)ပြောပါက လုံးဝထိုသို့တွေးစရာမလိုပါ။ မီးပွိုင့်တစ်ခုသာရှိသော မြို့ငယ်လေးမှ လူတိုင်းက စာမျက်နှာ တစ်မျက်နှာပြီးတစ်မျက်နှာတွင် အမည်တစ်ခုပြီးတစ်ခု တန်းစီရှိသည့် “မစ္စစ်အဒ်နာ”၏အဝါရောင်လယ်ဂျာစာအုပ်အကြောင်းကို သိကြသည်။ နံနက်တိုင်း အဘွားအိုသည် ဘုရားရှင်ထံ ကျယ်လောင်စွာ ဆုတောင်းသည်။ ထိုစာရင်းရှိလူအချို့က သူတို့လိုချင်သောဆုတောင်း၏အဖြေကို မရခဲ့ကြသော်လည်း ၎င်းတို့၏ဘဝတွင် ဘုရားရှင်၏အကြံအစည် တစ်ခုခုဖြစ်ခဲ့ကြောင်း၊ ၎င်းသည် မစ္စစ်အဒ်နာ၏ စိတ်ထက်သန်စွာ ဆုတောင်းချက်များကြောင့်ဟု သူမ၏စျာပနဝတ်တွင် လူအတော်များများက သက်သေခံခဲ့ကြသည်။

ပေတရုအကျဉ်းကျစဥ်တွင် ဆုတောင်းခြင်း၏တန်ခိုးကို ဘုရားရှင်ပြသခဲ့သည်။ ဟေရုဒ်မင်း၏လူများက တမန်တော်ကြီးကို ဖမ်းဆီးထောင်ချပြီး “အစောင့်အရှောက် စစ်သူရဲ တစ်ကျိပ်ခြောက်ယောက်”တို့ စောင့်ကြပ်နေသဖြင့် (တ ၁၂:၄) သူ၌ မျှော်လင့်ခြင်းကင်းမဲ့နေသည်။ သို့သော် “သင်းဝင်သူတို့သည် သူ့အဖို့ ကြိုးစား၍ ဘုရားသခင်ကို ဆုတောင်းပတ္ထနာပြုကြ၏” (:၅)။ ပေတရုအတွက်…

မပြောင်းမလဲ ရှေ့သို့ချီ

‘Rest’ (အနားယူပါ) ကဗျာတွင် “အမှန်ပင်ပန်းစွာလုပ်ကိုင်သူအတွက် အမှန်အနားယူချမ်းသာရာ မရှိသလော” ဟုမေးကာ “အားလပ်ချိန်”နှင့် “အလုပ်”ကို ခွဲခြား တတ်သည့်သဘောကို ကဗျာဆရာက အသာအယာ သတိပေးစိန်ခေါ်ထားသည်။ စစ်မှန်သည့်အနားယူမှုကို ခံစားချင်ပါက ဘဝ၏တာဝန်ဝတ္တရားများကို ရှောင်တိမ်းရန် ကြိုးစားမည့်အစား “အကောင်းဆုံးလုပ်ပါ၊ အသုံးချပါ၊ အချည်းနှီးမဖြစ်ပါစေနှင့်၊ သို့မဟုတ်ပါက အနားမရနိုင်။ သင့်အနီးဝန်းကျင်မှ အလှတရားကို ခံစားရပြီလား၊ ထမ်းဆောင်စရာတာဝန်ရှိမှသာ ထိုအလှကိုတွေ့ရမည်”ဟု စပ်ဆိုထားသည်။

မေတ္တာပြခြင်းနှင့် အစေခံခြင်းအားဖြင့် စစ်မှန်သော အနားယူခြင်းနှင့် ဝမ်းမြောက် ခြင်းကို ရှာဖွေတွေ့ရှိနိုင်သည်ဟု ကဗျာဆရာက နိဂုံးချုပ်ထားသည်။ ထိုသဘော တရားကို သက်သာလောနိတ်မြို့သားများထံသို့ ရှင်ပေါလု၏အားပေးစာတွင် တွေ့ရသည်။ တမန်တော်ကြီးက ယုံကြည်သူများ “အပြစ်တင်ခွင့်နှင့်ကင်းလွတ်”သော အသက်တာဖြင့် အသက်ရှင်ရေး တိုက်တွန်းအားပေးရန် (၁ သက် ၂:၁၀-၁၂) သူ့ကို ဘုရားရှင်စေစားကြောင်း ဖော်ပြပြီးနောက် ဆက်လက်၍ အသေးစိတ်ဖော်ပြခဲ့သည်။

ထိုကဲ့သို့သောဘဝကို ငြိမ်ဝပ်စွာဖြင့်…

အမြဲသတိရှိပါ

အမျိုးသားတစ်ဦးနှင့် သူငယ်ချင်းတို့သည် နှင်းတောင်ပြိုကျနိုင်ကြောင်း သတိပေးဆိုင်းဘုတ်စိုက်ထူထားသည့် နှင်းလျောစီးအပန်းဖြေစခန်း၏ဂိတ်ဝင်ပေါက်ကိုဖြတ်ဝင်ကာ နှင်းလျှောစီးနေပါသည်။ နှင်းလျှောစီးသည့် ဒုတိယတစ်ကြော့တွင် တစ်စုံတစ်ယောက်က “နှင်းတောင်ပြိုပြီ” ဟု အော်ပြောသော်လည်း ထိုလူသည် မလွတ်ဘဲ နှင်းထုေအောက်၌ နှစ်မြှုပ်ဆုံးပါးသွားသည်။ အချို့က သူ့ကို အတွေ့အကြုံမရှိသော လူသစ်ဟုသမုတ်ကာ ဝေဖန်ကြသည်။ စင်စစ် သူသည် လူသစ် မဟုတ်ပါ။ “နှင်းတောင်ပြိုကျမှုဆိုင်ရာ လိုင်စင်ရ တောရိုင်းဒေသ ဧည့်လမ်းညွှန်” တစ်ဦးဖြစ်သည်။ နှင်းတောင်ပြိုကျမှုဆိုင်ရာလေ့ကျင့်မှု အများဆုံး ခံယူထားသော နှင်းလျှောစီးသူများသည် လွဲမှားသော ဆင်ခြင်များပေးတတ်ပြီး “(နှင်းလျှောစီးသူသည်) မဆင်မခြင် သတိမဲ့စွာ ပြုမူခဲ့ခြင်းကြောင့် သေဆုံးသွားရခြင်းဖြစ်သည်” ဟု သုတေသီတစ်ဦးက ပြောကြားခဲ့သည်။

ဣသရေလလူမျိုးများသည် ကတိထားရာပြည်သို့ဝင်ရန် ပြင်ဆင်စဥ်တွင်၊ ဘုရားသခင်က သူ၏လူများကို အမြဲသတိချပ်ကာ နိုးနိုးကြားကြားရှိစေလိုသည်။ ထို့ကြောင့် သူ၏ “စီရင်ထုံးဖွဲ့ချက်များနှင့် ပညတ်တရားများ” အားလုံးကို နာခံရန် မိန့်မှာလျက် (တရား ၄:၁-၂)၊…